Last day to register for High Impact Presentations! Register Now

ကျွနု်ပ်တို ့သည် သမိုင်းကြောင်းနှင့် သက်သေပြသည်။

နှစ်ပေါင်း ၁၀၀ ကျော်လုပ်ငန်း အတွေ ့အကြုံအတွင်း ဒေး ကာနေးဂီသည် ကမ္ဘာကြီး၏ အလျင်မြန်ဆုံး တိုးတက်ပြောင်းလဲမှုများကို မျက်မြင်ကိုယ်တွေ ့ကြံုခဲ့ပါသည်။ ကျွနု်ပ်တို ့သည် ဖောက်သည်များကို ပြိုင်ပွဲတွင် အရှေ ့ကပြေးနိုင်ရန် ကွင်းဆင်း ကူညီပေးခဲ့ပါသည်။

ဒေး ကာနေးဂီ

ဒေး ကာနေးဂီသည်မည်သူဖြစ်ပါသနည်း။ ပထဦးစွာ သူ မည်ကဲ့သို ့သူမဟုတ်ကြောင်း အရင်လေ့လာသင့်ပါသည်။ ဒေး ကာနေးဂီသည် သူ ့အိပ်မက်များနောက်သို့လိုက်ရန် မကြောက်သူဖြစ်သည်။ သူ ့ဘဝတိုးတက်ရေးအတွက် နာရီပေါင်းများစွာကို ကြိုးစားရင်းကုန်ဆုံးရန် မတွန့်ဆုတ်သူဖြစ်ပါသည်။ အရေးကြီးဆုံးအနေဖြင့် သူသည် အောင်မြင်မှုနှင့် ရင်းနှီးသူဖြစ်သည်။

ကျွနု်ပ်တို ့၏ယုံကြည်မှု

ကာနေးဂီသည် သူအပါအဝင် လူပေါင်းများစွာတို့မှာ ကြောက်စိတ်၊ သံသယ နှင့် လေ့လာရန် အရင်းအမြစ်ရရှိနိ်ုင်မှုတို ့၏ တားဆီးခြင်းကို ခံနေရကြောင်း သတိပြုမိခဲ့သည်။ တဖြည်းဖြည်းနှင့် သူသည် လူကြားထဲတွင်စကားပြောရန်ကြောက်သူများ နှင့် ယနေ ့ခေတ် ကျွမ်းကျင်လုပ်သားများတွင် စွဲကပ်နေသော အခြားပြဿနာများကို ကူညီပေးရန် ဒေး ကာနေးဂီ သင်တန်းကို ဆွေးနွေးပွဲများအဖြစ်အသုံးပြုခဲ့သည်။ ဤသို ့ဖြင့် လူများကို ဘဝ အသစ်များစတင်ပေးနိုင်ခဲ့ပါသည်။

ရည်မှန်းချက်

ကျွနု်ပ်တို ့၏ ရည်မှန်းချက်သည် လူသားများကို ပုဂ္ဂိုလ်ရေးအရရော အသက်မွေးမှုအတွက်ပါ ပိုမိုကောင်းမွန်ပြည့်ဝသော ဆက်ဆံရေးများ၊ ပိုကောင်းသောဘဝနေထိုင်မှုပုံစံများကို ပေးစွမ်းရန်ဖြစ်ပါသည်။

မျှော်မှန်းချက်

ကျွနု်ပ်တို ့၏ မျှော်မှန်းချက် သည် ကျွနု်ပ်တို ့သာပေးစွမ်းနိုင်သော ကိုယ်တိုင်ပြောင်းလဲတိုးတက်ရန်အတွေ့အကြံုများ မှတစ်ဆင့် တတ်နိုင်သလောက် ဘဝများကိုပြောင်းလဲပေးရန် ဟူသော ဒေး ကာနေးဂီ၏ မူရင်းအိပ်မက်ကိုပင်ကိုင်စွဲထားပါသည်။

တန်ဖိုးများ

ကျွနု်ပ်တို ့သည် ဒေး ကာနေးဂီ၏ မူများနှင့် သင်ခန်းစာများကို ယုံကြည်နေဆဲဖြစ်ပြီး လူ ့ဘဝကို တာဝန်ကျေရန် ပြင်းပြသောဆန္ဒဖြင့်ကိုယ်တိုင်ရောစီးပွားကိုပါ ကျင့်ဝတ်နှင့်အညီဆောင်ရွက်ပါမည်။

ကျွန်ုပ်တို့၏ သမိ်ုင်း

ကမ္ဘာအနှံ့ရှိ ကျွမ်းကျင်ပညာရှင်များ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်ပေးနေသည်မှာ ရာစုနှစ်တစ်ခုကျော်ပြီဖြစ်သည်။

1888

ဒေးကာနေးဂီကို မစ်ဆိုရီအရပ်တွင် ဖွားမြင်ခဲ့ပြီး ၀ါရန်စဘာ့ပြည်နယ် ဆရာများကောလိပ်တွင် ပညာသင်ခဲ့ပြီး နောက်တွင်တော့ သူဟာ အရောင်းကိုယ်စားလှယ်တစ်ဦးနှင့် ရည်မှန်းချက်ကြီးမားသော သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့ပါသည်။ ယင်းနောက်တွင် သူသည် နယူးယောက်မြို့သို့ ထွက်ခွာလာခဲ့ပြီး YMCAရှိ အရွယ်ရောက်ပြီးသူများအား ဆက်သွယ်ဆက်ဆံရေး သင်တန်းများ စတင်ပို့ချပေးခဲ့ပါသည်။

1912

ကမ္ဘာကျော် ဒေးကာနေးဂီသင်တန်း စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုသင်တန်းတွင် ဒေးကာနေးဂီသည် ဟောပြောသူများကို လူထုပရိတ်သတ်ရှေ့တွင် မိန့်ခွန်းပြောကြားရန် မကြောက်ရွံ့အောင် ပြုလုပ်ပေးသည့် နည်းနိဿယအသစ်များကို ရှာဖွေဖော်ဆောင်ခဲ့ပါသည်။ ကာနေးဂီသည် သာမာန်လူတစ်ယောက်တွင် ရှိနှင့်ပြီးသော မိမိကိုယ်ကိုယုံကြည်မှုတိုးတက်လိုစိတ်ကို ကောင်းစွာ အသုံးချခဲ့ပါသည်။

1930

ဒေးကာနေးဂီသည် ကျွမ်းကျင်အတတ်ပညာဖွံ့ဖြိုးတိုးတက်မှုတွင် စိတ်ပါဝင်စားသော ပုဂ္ဂိုလ်များကို စတင်စုဆောင်းခဲ့ပြီး သင်တန်းကိုလည်း နိုင်ငံတဝှမ်းတွင် လိုင်စင်ရရှိရန် ဆောင်ရွက်ခဲ့သည်။

1936

ဒေးကာနေးဂီသည် ၎င်း၏ကျော်ကြားသော "How to win friends and influence people" (မြန်မာပြန် ဦးနု၏ "မိတ္တဗလဋီကာ") အမည်ရှိစာအုပ်ကို ရေးသားခဲ့သည်။ ယနေ့ထိတိုင် အောင်မြင်ကျော်ကြားလျက်ရှိသော ယင်းစာအုပ်တွင် အပိုင်း(၄)ပိုင်း ပါရှိကာ စီးပွားရေးလုပ်ငန်းနှင့် လူမှုဘဝများတွင် မည်သို့ တိုးတက်အောင်မြင်အောင် ဆောင်ရွက်ရမည်ကို ရေးသားပြုစုထားပါသည်။

1954

ဒေးကာနေးဂီ၏ ကုမ္ပဏီသည် "ဒေးကာနေးဂီနှင့် တွဲဖက်များကော်ပိုရေးရှင်း" အဖြစ် တရားဝင် ပေါင်းစည်းခဲ့သည်။ ၁၉၅၀နှစ်များသည် ဥရောပ၊ သြစတြေးလျ၊ အာရှနှင့် တောင်အမေရိကသို့ ဆက်လက်တိုးချဲ့ခဲ့သောနှစ်များ ဖြစ်ပါသည်။

1967

1972

သင်တန်းကျောင်း၏ သင်ရိုးညွှန်းတမ်းတွင် စားသုံးသူအားဝန်ဆောင်မှုပေးခြင်းသင်တန်းများနှင့် ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ ထပ်မံဖြည့်သွင်းခဲ့သည်။

1975

ဒေးကာနေးဂီသင်တန်းသည် Continuing Education Councilထံမှ အသိအမှတ်ပြု ဂုဏ်ပြုလွှာချီးမြင့်ခြင်းခံရသည်။ ယနေ့တွင်တော့ ကျွန်ုပ်တို့ ဒေးကာနေးဂီသင်တန်းကျောင်းကို Accrediting Council for Continuing Education and Training (ACCET) အဖြစ် သိရှိနေကြပြီဖြစ်သည်။

1985

ဒေးကာနေးဂီသင်တန်း၏ မဟာဗျူဟာမြောက် တင်ပြပြောဆိုခြင်း အလုပ်ရုံဆွေးနွေးပွဲကို စီစဉ်အကောင်အထည်ဖော်ခဲ့သည်။

1992

ဒေးကာနေးဂီသည် သင်တန်းသားလိုအပ်ချက်နှင့် အံဝင်ခွင်ကျ စီမံထားသော ကော်ပိုရိတ်လေ့ကျင့်ရေးသင်တန်းများကို ကမ္ဘာတစ်ဝှမ်းတွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

1992

ဒေးကာနေးဂီသည် သင်တန်းသားလိုအပ်ချက်နှင့် အံဝင်ခွင်ကျ စီမံထားသော ကော်ပိုရိတ်လေ့ကျင့်ရေးသင်တန်းများကို ကမ္ဘာတစ်ဝှမ်းတွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

2001

အမေရိကန်ပြည်ထောင်စုအတွင်း ဒေသအလိုက် ငွေကြေးထောက်ပံ့မှုပြုထားသော ဒေးကာနေးဂီသင်တန်းအဖွဲ့အစည်းများအားလုံးသည် GSA Federal Supply Schedule #GS-10F-0329K မှတစ်ဆင့် ဖက်ဒရယ်အစိုးရအေဂျင်စီများထံသို့ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများပေးအပ်ခွင့်ရရှိခဲ့သည်။

2012

၂၀၁၂ခုနှစ်တွင်တော့ ကျွန်ုပ်တို့၏ဒေးကာနေးဂီသင်တန်းကျောင်းသည် ရာပြည့်နှစ်ပတ်လည်ကို ကျင်းပခဲ့ပါသည်။ နှစ်ပေါင်းတစ်ရာကျော်တိုင်အောင် ကျွန်ုပ်တို့သည် နေရာအနှံ့ရှိ လူမှုဝန်းကျင်အဖွဲ့များတွင် နေထိုင်လျက်ရှိသောသူများနှင့် ထိုနေရာများတွင် စီးပွားရေးလုပ်ဆောင်လျက်ရှိသော ကုမ္ပဏီများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ငွေကြေးဆိုင်ရာ ကြီးပွားတိုးတက်စေရေးကို အကူအညီပေးခဲ့ပါသည်။

၂၀၁၆ နှင့် ၂၀၁၇

TraingingIndustry.com ဝက်ဘ်ဆိုက်၏ 'အကောင်းဆုံး လေ့ကျင့်ရေးသင်တန်းကုမ္ပဏီများ ၂၀' တွင် ဒေးကာနေးဂီသင်တန်းပါဝင်ခဲ့သည်။

ယနေ့

ဒေးကာနေးဂီ အမွေအနှစ်များသည် ယခင်ကထက် အင်အားအကောင်းဆုံးအနေအထားသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ စာရင်းရှိသင်တန်းဆင်းကျောင်းသားပေါင်း ၈သန်းကျော်နှင့်အတူ ဒေးကာနေးဂီသည် ကမ္ဘာ့့အနှံ့အပြားရှိ စီးပွားရေးလူ့အဖွဲ့အစည်းများကို ဝန်ဆောင်မှုများ ပေးအပ်သွားရန်ရည်မှန်းဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် ဒေးကာနေးဂီသင်တန်းများကို ကျွမ်းကျင်သင်တန်းပို့ချပေးသူပေါင်း ၂၇၀၀ကျော်က နိုင်ငံ ၈၀တွင် ဘာသာစကားပေါင်း ၂၅မျိုးဖြင့် သင်ကြားပေးလျက်ရှိပါသည်။

သင်လိုအပ်သောသင်တန်းကို ရယူလိုက်ပါ။

ကျွန်ုပ်တို့တွင် အားလုံးသော ကျွမ်းကျင်အတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်များအတွက် ဆန်းသစ်တီထွင်ထားသော နည်းလမ်းကောင်းများရှိပါသည်။

မှီငြမ်းစရာများ

လုပ်ငန်းခွင် သင်တန်းပို့ချရေးနှင့် ပြုစုပျိုးထောင်ရေးတွင် ကမ္ဘာ့ခေါင်းဆောင်ဖြစ်သော သင်တန်းအနေဖြင့် ကျွန်ုပ်တို့သည် သင်တို့၏ စီးပွားရေးလုပ်ငန်းများအောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော စီးပွားရေးပြဿနာများနှင့် လုပ်ငန်းခွင်ဖြေရှင်းရေးနည်းလမ်းများကို အပတ်တကုတ် မမောပမ်းငြား ရှာဖွေဖော်ထုတ်လျက်ရှိပါသည်။
:
This website uses cookies to enhance user experience and to analyze performance and traffic on our website. We also share information about your use of our site with our social media, advertising and analytics partners.